အပိုင်းအစများကို ဆက်ခြင်း
ကမ္ဘာ့ကပ်ရောဂါကြောင့် ကျွန်မတို့အိမ်ထဲ၌ပင်နေရစဉ် ကျွန်မတို့မိသားစုသည် အပိုင်းအစ ၁၈,၀၀၀ ပါသည့် ရုပ်ပုံဆက်ဂိမ်းကို ကစားခဲ့ကြသည်။ ကျွန်မတို့ နေ့တိုင်းနီးပါး ဆက်ကစားကြသော်လည်း မတိုးတက်လာဟု ခံစားခဲ့ကြရသည်။ (၅) လ ကြာပြီးနောက် ကျွန်မတို့၏ ထမင်းစားခန်းကြမ်းပြင်အပြည့်ရှိသည့် ၉ ပေ x ၆ ပေ ရုပ်ပုံဆက်ပြားပေါ်တွင် နောက်ဆုံးအပိုင်းကို ဆက်လိုက်နိုင်သည့်အတွက် အဆုံးတွင် ကျွန်မတို့အောင်ပွဲခံနိုင်တော့သည်။
တစ်ခါတစ်ရံ ကျွန်မ၏ဘဝသည်လည်း ဧရာမရုပ်ပုံဆက်ဂိမ်းကဲ့သို့ပင် အပိုင်းအစများစွာ ဆက်ထားပြီးသော်လည်း ကြမ်းပြင်ပေါ်၌ အပိုင်းအစများ အပုံလိုက် ကျန်ရှိနေသေးသည်။ သခင်ယေရှုနှင့် ပိုမိုတူလာစေရန် ကျွန်မကို ဘုရားသခင်ပြုပြင်နေသည်ကို သိသော်လည်း တစ်ခါတစ်ရံ တိုးတက်မှုကိုမြင်ရန် ခက်ခဲသည်။
ဖိလိပ္ပိမြို့သားတို့၏ ကောင်းသောလုပ်ရပ်အကျင့်များကြောင့် သူတို့ အတွက် ဝမ်းမြောက်သောစိတ်နှင့်ဆုတောင်းပေးနေကြောင်း ဖိလိပ္ပိမြို့သို့ ရှင်ပေါလုရေးသော သူ၏အားပေးစာမှ ကျွန်မနှစ်သိမ့်မှုရခဲ့သည် (ဖိ ၁:၃-၄)။ သို့သော် သူသည် “ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည်…
မက်ဆေ့ချ်များ၊ ဆင်းရဲဒုက္ခများနှင့် အောင်ပွဲများ
ဂျင်မီသည် လူမှုရေးအုံကြွမှုများ၊ အန္တရာယ်များနှင့် အဆင်မပြေမှုများကို မမှုဘဲ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်ခု၌ သာသနာပြုနေသည့် ဇနီးမောင်နှံကို အားပေးရန် သွားဖြစ်အောင်သွားခဲ့သည်။ မိခင်တိုင်းပြည်ရှိ ကျွန်တော်တို့အဖွဲ့ထံရောက်လာသည့် သူ့မက်ဆေ့ချ်တစ်သီတစ်တန်းကြီးက သူတွေ့ကြုံခဲ့ရသည့် စိန်ခေါ်မှုများကို ဖော်ပြနေသည်။ “အိုကေ၊ ညီအစ်ကိုတို့၊ ဆုတောင်းပေးကြပါ။ လွန်ခဲ့တဲ့နှစ်နာရီအတွင်း ငါတို့ခရီး (၁၀) မိုင်သွားခဲ့ပြီးပြီ။ ကားလည်း ခဏခဏအပူချိန်တက်နေတာကြောင့်ပါ။” ထိုဒေသ၏လမ်းပန်းဆက်သွယ်ရေး အခက်အခဲက (၅)နာရီကြာမျှ စောင့်ဆိုင်းနေရသူများကို တရားဒေသနာဝေငှရန် သန်းခေါင်ယံ မတိုင်မီမှ သူရောက်သွားကြောင်းကို သက်သေပြနေသည်။ မကြာပါ။ အနေအထား ပြောင်းသွားသည့် မက်ဆေ့ချ်တစ်ခုဝင်လာခဲ့သည်။ “အံ့ဩစရာကောင်းတယ်။ ချိုမြန်တဲ့မိတ်သဟာယပဲ။ လူတစ်ဒါဇင်လောက် ဆုတောင်းခံဖို့ ရှေ့ကိုထွက်လာတယ်။ တကယ့်ကိုအစွမ်းထက်တဲ့ညပါပဲ။”
သစ္စာရှိစွာ ဘုရားရှင်အား အစေခံခြင်းက စိန်ခေါ်မှုဖြစ်ပြီး၊ ဟေဗြဲဩဝါဒစာ ၁၁ ၌ ဖော်ပြထားသည့် ယုံကြည်ခြင်းဘိုးဘေးများလည်း သဘောတူမည်ပင်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းစိတ်က အနိုင်အထက်သွေးဆောင်လျက် သာမန်ယောကျ်ားမိန်းမတို့သည် ခက်ခဲသောအခြေအနေများနှင့် တွေ့ကြုံခဲ့ရသည်။…
အခု ပြောင်ရှင်းသွားပြီ
ကျွန်တော်တို့ညီအစ်ကိုနှင့် ကျွန်တော်တို့၏မိသားစုတို့သည် ကလေးဘဝက နေထိုင်ခဲ့သည့်အိမ်မှ မိဘများ၏ပိုင်ဆိုင်မှုပစ္စည်းများကို ရွှေ့ပြောင်းရင်း တစ်နေ့တာကုန်ဆုံးခဲ့ကြသည်။ နေ့လည်နှောင်းပိုင်း ကျွန်တော်တို့ နောက်ဆုံးအခေါက်ပစ္စည်းသယ်ချိန်တွင် ၎င်းသည် မိသားစုအိမ်၌ရှိနေမည့် နောက်ဆုံးအကြိမ်ဖြစ်ကြောင်း သတိရလာကာ အိမ်နောက်ဆင်ဝင်တွင် ဓာတ်ပုံရိုက်ခဲ့ကြသည်။ “ခုတော့ အားလုံးပြောင်ရှင်းသွားပြီ” ဟု အမေပြောလိုက်ချိန်တွင် ကျွန်တော်မျက်ရည်မကျမိအောင် မနည်းထိန်းခဲ့ရသည်။ ကျွန်တော်အလွန်ဝမ်းနည်းခဲ့ရသည်။ (၅၄) နှစ်မျှ အမှတ်တရများစွာရှိခဲ့သည့် အိမ်ကြီးသည် ယခုတွင် အခွံသာကျန်တော့သည်။ မတွေးမိအောင်သာ ကျွန်တော်နေလိုက်သည်။
ကျွန်တော့်နှလုံးသားထဲမှနာကျင်မှုက “စည်ပင်ခဲ့သောမြို့သည် လူဆိတ်ညံလျက် ထိုင်လေသည်တကား” ဟူသော ယေရမိမြည်တမ်းမှ ပထမဆုံး စကားလုံးများကို ပဲ့တင်မြည်ဟီးနေသည် (၁:၁)။ အဓိကခြားနားချက်သည် ယေရုရှလင်မြို့က “သူပြစ်မှားသောအပြစ် များပြားသောကြောင့်” (:၅) လူဆိတ်ညံခဲ့သည်။ ဘုရား၏ လူမျိုးတော်များသည် ကိုယ်တော်ကို ပုန်ကန်ကာ နောင်တရရန် ငြင်းဆိုခဲ့ခြင်းကြောင့် ဗာဗုလုန်သို့ သူတို့ကို နှင်ထုတ်ခဲ့သည် (:၁၈)။ ကျွန်တော်၏မိဘများက အပြစ်တရားကြောင့် ရွှေ့ပြောင်းခဲ့ခြင်း…
နာခံမှုအား လွှတ်ပေးလိုက်ခြင်း
ဆယ်ကျော်သက်လေး၏မျက်နှာ၌ စိတ်ပျက်မှုနှင့်ရှက်ရွံ့မှုတို့ အတိုင်းသားပေါ်နေသည်။ ချန်ပီယံဆုများစွာ အနိုင်ရထားခြင်းက သူမအား ရွှေတံဆိပ် ရမည်ဟု အာမခံနေသလို၊ စကိတ်လျှောစီး အားကစားသမားအနေနှင့် ပြိုင်ဘက်ကင်းသည့်အောင်မြင်မှုကို ရထားသည့် သူမသည် ၂၀၂၂ ခုနှစ်၊ ဆောင်းရာသီ အိုလံပစ်တွင် ပါဝင်ရန်ပြင်ဆင်ခဲ့သည်။ သို့သော် သူမ၏သွေးထဲတွင် တားမြစ် ဆေးဝါးရှိနေကြောင်း ဆေးစစ်ချက်က ဖော်ပြနေသည်။ သူ့အပေါ် အလွန်ကြီးမားစွာ မျှော်လင့်ထားမှုနှင့် ဝေဖန်ရှုတ်ချမှု၏ ဖိစီးမှုကိုခံခဲ့ရပြီး၊ အလွတ်တမ်း လျှောစီးစဉ်တွင် အကြိမ်ကြိမ်ချော်လဲကာ၊ အောင်နိုင်သူတို့၏ စင်မြင့်ပေါ်သို့လည်း တက်ခွင့်မရ၊ ဆုလည်း မရခဲ့ပါ။ သတင်းမထွက်မီ သူမသည် ရေခဲပြင်ပေါ်တွင် အနုပညာနှင့်ဖန်တီးမှုတို့ကို ပြသခဲ့သော်လည်း စည်းကမ်းချိုးဖောက်သည်ဟူသော ယိုးစွပ်မှုသည် သူမ၏အိပ်မက်တို့ကို ဖျက်ဆီးလိုက်ပြီဖြစ်သည်။
ကမ္ဘာဦးအစ ကျွန်ုပ်တို့လွတ်လပ်စွာ ရွေးချယ်ခွင့်ရချိန်တွင် နာခံခြင်း၏ အရေးပါမှုကို ဘုရားသခင်ဖော်ပြခဲ့သည်။ မနာခံခြင်းသည် အာဒံ၊ ဧဝနှင့် ကျွန်ုပ်တို့အားလုံးအပေါ် ဆိုးရွားသောအကျိုးဆက် သက်ရောက်စေခဲ့သည်။ အပြစ်တရားသည်…
ဘုရား၏ဥယျာဉ်တော်
ကျွန်တော့်အိမ်ရှေ့တံခါးအပြင်ဘက်တွင် ဘဝ၏ လှပမှုနှင့်တိုတောင်းမှုကို သတိပေးသည့် အပင်တစ်ပင် ပေါက်ရောက်နေသည်။ ပြီးခဲ့သည့်နွေရာသီတွင် ကျွန်တော့်ဇနီးက လပြည့်နှင့်တူသည့် ကြီးမားဝိုင်းစက်သောအပွင့်ဖြူများပါသည့် ‘လပန်းနွယ်ပင်’ကို စိုက်ခဲ့သည်။ ထိုပန်းက တစ်ညတာပွင့်ပြီး နောက်နေ့ မနက်တွင် နေရောင်ကြောင့် ညှိုးနွမ်းကာ ဘယ်သောအခါမှ ပြန်လည် မပွင့်လန်းလာတော့ပါ။ သို့သော် ထိုအပင်သည် ပေါက်ပွားနှုန်းမြန်ပြီး ညနေတိုင်း အသစ်သောပန်းခိုင်ကြီးများနှင့် ဝေဆာနေသည်။ နေ့စဉ် ဖြတ်လျှောက်သွားတိုင်း ထိုအပင်ကို ကြည့်ကာ ကျွန်တော်တို့နှစ်သက်ကြည်နူးရပြီး အိမ်ပြန်လာတိုင်း မည်သို့သော အလှသစ်က ကြိုနေမည်နည်းဟု တွေးနေမိခဲ့သည်။
ထိုနုဖတ်သောပန်းပွင့်များက နှုတ်ကပတ်တော်မှ အရေးကြီးသည့် အမှန်တရားကို အမှတ်ရစေသည်။ တမန်တော်ရှင်ပေတရုက “သင်တို့သည် ဖောက်ပြန် ပျက်စီးတတ်သောမျိုးစေ့အားဖြင့် ဖြစ်ဖွားသည်မဟုတ်၊ မဖောက်ပြန် မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲ တည်တော်မူသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဖွား(သည်)။ ... လူမျိုးရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ လူမျိုး၏ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။…